My Opinions



လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့် နှင့် မလွတ်မလပ်ဆန္ဒထုတ်ဖော်ခွင့်

ဒီကနေ့ အစိုးရသစ်ရဲ့လွှတ်တော်များကနေပြီး ပြည်သူများဆန္ဒထုတ်ဖော်ခွင့်နဲ့ပတ်သက် လို့ ဥပဒေများအသစ်ရေးဆွဲထုတ်ပြန်ခဲ့ပါတယ်၊ ဆန္ဒ ထုတ်ဖော်လိုသူတွေအနေနဲ့ ဥပဒေပြ ဌာန်းချက်များနဲ့အညီ ကြိုတင်ခွင့်ပြုချက်တင်ပြီး မိမိတို့အပါအ၀င် သက်ဆိုင်ရာပြည်သူလူထု အများအကျိုးငှာ ဆန္ဒထုတ်ဖော်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အကောင်အထည်ဖော်ခွင့်မရခဲ့ သည့်သတင်းကို မီဒီယာများကနေ သိလိုက်ရပါတယ်။

        ဒ်ီနေရာမှာစဉ်းစားစရာအချက်က “ဆန္ဒ”ဆိုတဲ့ စကားလုံးပါ၊ မိမိအတွက်သော်လည်း ကောင်း၊အများအတွက်သော်လည်းကောင်း လိုအပ်ချက်ရှိလာတဲ့အတွက် အများသိအောင် ထုတ်ဖော်ခြင်းမျိုးဖြစ်ပါတယ်၊ထိုဆန္ဒဆိုတဲ့အရာဟာ ချက်ချင်းလက်ငင်း အများသိဖို့လို အပ်သ လို အများပြည်သူသိရှိရန် မည်သည့်အချိန်ပြောမည်၊ မည်သို့ပြောမည် ဆိုပြီး ကြိုတင်စီမံရတာမျိုးလည်းရှိပါလိမ့်မယ်။

        အများပြည်သူနဲ့ဆိုင်တဲ့ ဆန္ဒသည်ပင်လျှင် တစ်ခါတစ်ရံ ချက်ချင်းလက်ငင်း၊နာရီမဆိုင်း ပဲ အများပြည်သူသိအောင်၊အထူးသဖြင့် အစိုးရသိအောင်ထုတ်ဖော်ဖို့လိုပါတယ်၊ဒီလိုမလုပ်မိ လိုက်ရင် ဆန္ဒဖော်ထုတ်သူအတွက် နစ်နာပြီး၊ဆန္ဒထုတ်ဖော်ရခြင်းဖြစ်စေအောင်ဖန်တီးလိုက် သူတို့အတွက် ပြင်ဆင်၊ရှောင်တိမ်း၊ပြေးလွှားခြင်းမျိုးနဲ့ ဆန္ဒထုတ်ဖော်သူဘက်မှ သက်သေများ၊ သက်သေခံပစ္စည်းတစ်စုံတစ်ရာ ရှာဖွေရရှိမသွားအောင်၊သက်သေများ၊သက်သေခံပစ္စည်းများ ကိုဖျောက်ဖျက်ပစ်လိုက်နိုင်ပါတယ်။

        ဆန္ဒထုတ်ဖော်မှုတစ်မျိုးဟာ ပုဂ္ဂိုလ်ရေးနစ်နာမှုဖြစ်နေပြီး ဥပဒေအရလည်း တရားစွဲဆိုဖို့ ခက်မယ်၊တရားစွဲဆိုနိုင်ဖို့ငွေကြေးမတတ်နိုင်မှုတို့ဖြစ်နေမယ်ဆိုရင်၊အနီးစပ်ဆုံးဖြစ်တဲ့ နိုင်ငံ တော်အစိုးရအဖွဲ့အစည်းမျိုးကို တိုင်တည်ရတော့မဲ့ ဆန္ဒထုတ်ဖော်မှုမျိုးလိုလာပါတယ်၊ဒီလိုကိစ္စ မျိုးမှာ နဂိုကမှအားနည်းတဲ့ပြည်သူတစ်ယောက်ဖြစ်နေရင် ဘယ်မှာလာပြီး ဥပဒေပြဌာန်းချက် တွေနဲ့အညီ သက်ဆိုင်ရာမှာကိုယ်ရေးရာဇ၀င်တွေနဲ့လိုအပ်တဲ့အချက်တွေကိုတင်ပြပြီး ကြိုတင် ခွင့်တောင်းဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်တော့မှာလည်း၊ကျွန်တော်တို့နိုင်ငံမှာလူတိုင်းစာတတ် နေတာမဟုတ်သလို စာတတ်သော်လည်း၊ လူတိုင်းရုံးစာရေးတတ်တာမဟုတ်ပါ၊ ရေးတတ်ဦး တော့ သွားရဲလာရဲတင်ပြရဲတာမဟုတ်ပါဘူး။

        ဒီတော့ နိုင်ငံသားတစ်ဦးခြင်းစီအတွက် လွတ်လပ်စွာဆန္ဒထုတ်ဖော်နိုင်မဲ့ အခြေအနေ ဒါမှမဟုတ် ဥပဒေများကိုသာ အများပြည်သူအကျိုးကိုဖော်ဆောင်ပေးလိုတဲ့၊ဖော်ဆောင်ပေးရမဲ့ ပြည်သူ့ကိုယ်စားလှယ်များက စဉ်းစားဆောင်ရွက်ပေးဖို့လိုပါတယ်၊ဒါမှသာလျှင် ဒီမိုကရေစီရဲ့ အနှစ်သာရကို လေးစားဖော်ဆောင်ပေးရာကျပါမယ်။

        ကုန်ကုန်ပြောရရင် ဆန္ဒထုတ်ဖော်မှုဆိုတာ အုပ်ချုပ်ရေး၊တရားစီရင်ရေး၊ဥပဒေပြုရေး ဆိုင်ရာ နိုင်ငံတာဝန်ကိုအောက်ခြေမှသည် အမြင့်ဆုံးအထိ တာဝန်ယူနေရတဲ့ပုဂ္ဂိုလ်များအ တွက်လည်းဖြစ်နိုင်သလို နိုင်ငံတော်အစိုးရကိုလည်း ဖြစ်နိုင်ပါတယ်၊လက်ရှိပြဌာန်းလိုက်တဲ့ ဥပ ဒေမျိုးဆိုရင် အကြောင်းအမျိုးမျိုးပြပြီး ဟန့်တားလိုက်တာနဲ့ ဆန္ဒထုတ်ဖော်လိုသူဟာ ဘာမှ လုပ်လို့မရသလို ဖြစ်သွားပါတယ်၊ဒီလိုဖြစ်ရင် စည်းကမ်းရှိသောဒီမိုကရေစီဆိုတဲ့စကားလုံးက လူရယ်စရာဖြစ်တော့မှာပါ။

        ဆန္ဒထုတ်ဖော်ခြင်းရဲ့အနှစ်သာရဟာ ပြည်သူတစ်ဦးဖြစ်စေ၊အများဖြစ်စေ၊မိမိတို့ရဲ့နစ်နာ မှုကို သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများကသိပြီး ဆောင်ရွက်ပေးစေလိုတဲ့ သဘောသာ အဓိက  ဖြစ်ပါတယ်။

        ဆိုပါစို့-မြို့နယ်အဆင့်ရှိတဲ့ အစိုးရတာဝန်ရှိသူတစ်ဦးက ပြည်သူတစ်ဦးအပေါ်မှာဖြစ်စေ၊ အများအပေါ်မှာဖြစ်စေ မလျော်မတရား ဥပဒေမဲ့ဆောင်ရွက်မယ်၊ ဒါကိုခံရသူက မိမိအစီအစဉ် အတိုင်း လွတ်လပ်စွာဆန္ဒထုတ်ဖော်တာမျိုးဖြစ်လာရင်၊ အဲဒီထက်အဆင့်မြင့်တဲ့ သက်ဆိုင်ရာ က ဆောလျင်စွာလာရောက်ပြီး နှစ်ဘက်စလုံးကိုတွြေ့ပီး ပဏာမကြားနာစစ်ဆေးမှုမျိုးကိုချက် ချင်းလုပ်ပေးရပါမယ်၊ဆန္ဒထုတ်ဖော်သူဖက်ကကြောင်းကျိုးခိုင်လုံနေရင် ပြခံရသူကိုရာထူးမှ ယာယီနားစေပြီး ဥပဒေနဲ့အညီတရားရုံးမှာ တရားစစ်ဆေးစီရင်နိုင်အောင် လမ်းညျွန်ရမှာဖြစ်ပါ တယ်၊မတရားလုပ်ထားမှုကို ကာဗာလုပ်ချိန်ရမသွားစေဖို့က ဒုတိယအချက်ဖြစ်ပါတယ်။

        ဒါကို နိုင်ငံဝန်ထမ်းမို့၊ငါ့လူမို့၊ငါ့တပည့်မို့ဆိုပြီး ဆောလျင်စွာမဖြေရှင်းပဲ အချိန်ကြာသွား တာနဲ့အမျှ ဆန္ဒထုတ်ဖော်သူဘက်မှာလည်း တာဝန်ရှိသူတို့ရဲ့ ဖြေရှင်းပေးမှုအတိုင်းအတာအ ပေါ်မူတည်ပြီး တစ်ဦးမှအစ တစ်ရာ၊တစ်ထောင်ဖြစ်ပြီး၊တစ်မြို့နယ်လုံးမှသည်၊ တစ်တိုင်းပြည် လုံးအထိ ဆန္ဒထုတ်ဖော်မှုဖြစ်လာနိုင်ပါတယ်၊အဲဒီလိုဖြစ်ခဲ့ရင် အစိုးရယန္တရားရဲ့ ပြည်သူတစ်ဦး ခြင်းစီအပေါ် အလေးထားမှု၊အုပ်ချုပ်ရေးစီမံမှု ကောင်းခြင်း/ညံ့ခြင်းတို့အပြင် ပြဿနာကို ဘယ် လိုကိုင်တွယ်ဖြေရှင်းပေးတယ်ဆိုတဲ့ အရည်အချင်းများနဲ့သာဆိုင်ပါလိမ့်မယ်၊ပြည်သူများစည်း ကမ်းမဲ့စွာ ဆန္ဒထုတ်ဖော်တယ်လို့ စွပ်စွဲလို့မရနိုင်ပါဘူး။

        ဆန္ဒထုတ်ဖော်ရတဲ့ကိစ္စမှာပါတဲ့ပြုသူနဲ့အပြုခံရသူတို့ဟာ ကိုယ့်တာကိုယ်လုံဖို့အရေးကြီး ပါတယ်၊ပြုသူဘက်ကလည်း မဟုတ်မတရား၊မမှန်မကန်နဲ့စွပ်စွဲပြောဆို ဆန္ဒထုတ်ဖော်တာမျိုးမ လုပ်ရပါဘူး၊နှစ်ဘက်စလုံးမှာ လွတ်လပ်စွာအကျိုးခံစားခွင့်နဲ့လူတစ်ဦးခြင်းစီရသင့်တဲ့ အခွင့်အ အရေးရှိတာမို့ ဆန္ဒထုတ်ဖော်ခြင်းနဲ့အတူ အလျော်အစားရှိတာကို နိုင်ငံသားအားလုံးသိစေဖို့က တတိယအချက်ဖြစ်ပါတယ်။

        နောက်ဆုံးအနေနဲ့ရေးရလျှင် လက်ရှိလွှတ်တော်များထဲကနေ အတည်ပြုပြဌာန်းပေး လိုက်တဲ့ ပြည်သူများဆန္ဒထုတ်ဖော်ခွင့်နဲ့ဆိုင်တဲ့ ဥပဒေဟာ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်အ ဆင့်မရှိဘူးလို့ စာရေးသူကသတ်မှတ်ပါတယ်၊ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်မှာ စည်းမျဉ်း စည်းကမ်း ကန့်သတ်ချက်များထားခြင်း၊ ကြိုတင်ခွင့်ပြုချက်ရယူရမည်ဆိုခြင်းတို့ကို အလေးမူ ခြင်းထက် တာဝန်ယူမှု၊တာဝန်ခံမှုတို့ကိုသာ အဓိကဖြစ်စေရပါမယ်၊ နိုင်ငံရေးအခြေအနေအရ၊ ပြည်သူတို့ရဲ့သိစိတ်ရေချိန်ပေါ်မှာမူတည်ပြီး ဆန္ဒထုတ်ဖော်ခွင့်နေရာသတ်မှတ်ပေးရင်လည်း ကောင်းသောအချက်ဖြစ်ပါတယ်၊ သို့သော် ပုဂ္ဂိုလ်ရေးဆိုင်ရာအပေါ် ဆန္ဒထုတ်ဖော်မှုမျိုးကို နေရာသတ်မှတ်ပေးဖို့ မသင့်ပါ။

        ဒါကြောင့် မလွတ်လပ်သောဆန္ဒထုတ်ဖော်မှု အဆင့်ကနေ၊ လွတ်လပ်စွာဆန္ဒထုတ်ဖော် နိုင်ခြင်းအဆင့်ရောက်အောင် ပြည်သူ့ကိုယ်စားလှယ်များအပါအ၀င် နိုင်ငံသားအားလုံးမှာ တာ ၀န်ရှိပါတယ်၊ ဒါမှသာ ဒီမိုကရေစီနဲ့ထိုက်တန်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်ပါကြောင်း။   ။

 

ညိုမင်းလွင်

မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ

 

( Favouriate News Journal တွင်ပါပြီးသော ဆောင်းပါးဖြစ်ပါသည်။)