Lovely Snowwhitelay



ချစ်သူ

မင်းပြောခဲ့တဲ့ စကားလုံးလေးတွေက မှန်တယ် ငါအမြဲ မှတ်သားလိုက်နာမယ် ဘာတွေဘယ်လိုကြုံခဲ့ ကြုံခဲ့ မင်းသာ ငါ ပထမဆုံးချစ်သူ ဒါကိုတော့မင်းယုံ ၊ 

ချစ်သူ 

မင်း စိတ်သဘောထားက မြင့်မြတ်တယ် ဖြူစင်တယ် ၊ မင်းက မင်းရဲ့စိတ်ကို နိုင်အောင်ထိန်းနိုင်သူ ၊ အဲဒါကမှ တကယ့်အောင်နိုင်သူ ဒါကြောင့် မင်းကို ငါချီးကျူးတယ်

ချစ်သူ 

မင်းကို ငါ မြှောက်ပင့်မပြောပါဘူး ။။ ငါတွေ့ကြုံခံစားခဲ့တာတွေကို စာစီချရေးလိုက်တိုင်း မင်းသာ ငါ့အတွက် တန်ဖိုးမဖြတ်နိုင်သူဆိုတာ ကြာလေလေ သဘောပေါက်သိရှိလာလေလေ ။။

ချစ်သူ

မင်းကို ငါတတ်နိုင်သမျှ ဖြည့်ဆည်းပေးချင်တယ် ။။ မင်းဘက်က ခွင့်ပြုပါတော့ ။။ ငါစွမ်းနိုင်သမျှ စွမ်းဆောင်ခဲ့မယ် ။။ ခွင့်ပြုပါတော့ ။။ 

ချစ်သူ

မင်း ခံစားခဲ့ရတာတွေ မေ့ပျောက်ဆေးကြောပေးနိုင်တဲ့သူဖြစ်ပါရစေ ။။။။