ဝေါမြို့နယ် အုတ်ဖို ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းရီသည်မိမိ၏ ကျောင်းအုပ်ဆရာမကြီး၏ ဂုဏ်သိက္ခာမှမထောက် ဒုတိယနှစ်ကျောင်းသူတစ်ဦးဖြစ်သည့် မရီဝေအား ညစ်ညမ်းရိုင်းပျသော
စကားများဖြင့် ပြောဆိုဆက်ဆံခဲ့ပါသဖြင့် ကာယကံရှင် မရီဝေမှာ များစွာအရှက်သိက္ခာကျခဲ့ရပါသည်။
မူလတန်းကျောင်းကျောင်းအုပ်ဆရာမကြီးတစ်ဦးဖြစ်ပြီး ကိုယ့်သားသမီးအရွယ် ဒုတိယနှစ်ကျောင်းသူတစ်ဦးဖြစ်သည့် မရီဝေအား ဤကဲ့သို့ပြောဆိုဆက်ဆံ သုံးနှုံးမသင့်ပါကြောင်းသိရှိအပ်ပေသည်။
ကာယကံရှင်မရီဝေမှ လာရောက်တွေ့ဆုံညှို့နှိုင်းဖြေရှင်းပေးပါရန် ဦးလေးဖြစ်သူမှတစ်ဆင့် နှစ်ကြိမ်တိုင်တိုင် တယ်လီဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း လာရောက်တွေ့ဆုံဖြေရှင်းခြင်းမပြုဘဲ တိမ်းရှောင်နေပါသည်။ဆရာဆိုသည်မှာမိဘနှင့် တကိုင်းတည်း ဖြစ်ပါသဖြင့် ယခုကဲ့သို့သော အပြုအမူမျိုးကို မပြုလုပ်သင့်ပါကြောင်း၊ မိမိတာဝန်ယူ ဖြေရှင်းရမည့်ကိစ္စအား မိမိ၏ဂုဏ်သိက္ခာ၊ ဆရာဟူသော ဂုဏ်နှင့်အညီ လူကြီးလူကောင်းပီသစွာ လာရောက်ဖြေရှင်းပေးပါ အသိပေးအကြောင်းကြားအပ်ပါသည်။ လာရောက်ဖြေရှင်းခြင်းမပြုပါက တရားဥပဒေနှင့် အညီ ဝေါမြို့နယ်တရားသူကြီးရုံးတော်သို့ တရားစွဲဆို ဦးတိုက်လျှောက်ထားမည် ဖြစ်ကြောင်း အသိပေးအပ်သည်။
ဆယ်သွယ်စုံစမ်းရန်
ဖုန်း-၀၉၄၂၈၁၇၀၀၇